ကြားရာသီ လိမ္မော်သီးများ
လိမ္မော်သီးများ အများဆုံးထွက်ရှိသည့် ကာလမှာ နိုဝင်ဘာလမှ ဧပြီလလယ်ခန့်အထိဖြစ်ပါသည်။ ရာသီ သီးများ၏အရသာမှာ အချိုလေးလေ့ရှိပါသည်။ ယခု ခူးဆွတ်နေသော လိမ္မော်သီးများမှာ ရာသီကြားကာလအသီးများဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလအထိ ခူးဆွတ်ရောင်းချလေ့ရှိပါသည်။ အရသာမှာ မိုးရာသီး အသီးဖြစ်သည့်အတွက် ချိုချဉ်အရသာဖြစ်ပြီး အရောင်မှာ အစိမ်းဘက်ပိုသန်းပါသည်။